Добро пожаловать
Вход

Категории

အဂတိမှုနဲ့ ထောင်နှစ်သုံးဆယ်ကျတဲ့ တိုင်းဝန်ကြီးချုပ်ဟောင်း အမှု သုံးသပ်ချက် - BBC News မြန်မာ

Добавлено от Admin В Документальные фильмы bbc
2 Просмотры

Спасибо! Поделитесь с друзьями!

URL

Вам не понравилось видео. Спасибо за то что поделились своим мнением!

К сожалению, только зарегистрированные пользователи могут создавать списки воспроизведения.
URL


Описание

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု ၄ မှုနဲ့ ထောင် ၁၀ နှစ်စီ ကျခံစေဖို့ တိုင်းဒေသကြီးတရားလွှတ်တော်က မေ ၂၂ ရက်မှာ အမိန့်ချခဲ့ပါတယ်။ အမှု ၄ မှုမှာ GGS ကုမဏီနဲ့ပတ်သက်တဲ့ ၂ မှုကို တစ်ပေါင်းတည်းပြစ်ဒဏ်ကျခံဖို့ အမိန့်ချတာကြောင့် ဒေါက်တာလဲ့လဲ့မော်ဟာ အဂတိလိုက်စားမှုနဲ့ စုစုပေါင်း ထောင်နှစ် ၃၀ ကျခံရမှာ ဖြစ်ပါတယ်။

ဒါဟာ အန်အယ်လ်ဒီအစိုးရလက်ထက် အဂတိမှုနဲ့ထောင်ချခံရတဲ့ အစိုးရအရာရှိတွေထဲ အဆင့်အမြင့်ဆုံး ရာထူးရှိသူ အရေးယူခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ပါတယ်။ အမှုနဲ့သက်ဆိုင်တဲ့ ဝန်ကြီးချုပ်ဟောင်းနေအိမ်တစ်လုံးလည်း ပြည်သူပိုင်သိမ်းဆည်းခံထားရပါတယ်။ အခုလို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းကို နှစ်ရှည်ထောင်ဒဏ်ချမှတ်တဲ့အပေါ် ဥပဒေရှုထောင့်အရ သုံးသပ်ချက်တွေသိရဖို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်ကို ဘီဘီစီသတင်းထောက်မအေးသူစံက Skype ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ် - ဝင်းကျော်သူ / ဘီဘီစီမြန်မာပိုင်း

#ဘီဘီစီမြန်မာပိုင်း #မြန်မာ #တနင်္သာရီ #အဂတိ #အစိုးရ #NLD #ACC #အဂတိတိုက်ဖျက်ရေး

Написать комментарий

Комментарии

Комментариев нет.
Яндекс.Метрика Яндекс.Метрика